ဘ၀ဆိုတာ တကယ်တော့ မာရေကျောရေနဲ့ အရမ်းနုညံ့လွန်းတဲ့ သဘောတခုပါ။ အနုပညာတိုင်းဟာ ဘ၀ ထဲမာအကျုံးဝင်လေတော့ - ဘ၀ဆိုတာ အနုပညာလေးတခုပဲပေါ့။ ခက်ထမ်းကြမ်းတမ်းတဲ့လောကဓံကို သီကျူး ရေးဖွဲ့ခြင်းဟာ ဘ၀အနုပညာ ကိုတန်ဆာဆင်ခြင်းပဲပေါ့။ ဘ၀အနုပညာ ကိုအပြုံးလေးတွေနဲ့ချယ်သနိုင်ကြပါစေသော်ဝ်။....

Sunday, March 11, 2012

လူ့အရင်းမြစ် နှင့် ပညာရေး


လူသားတရပ်လုံး၏ ကြီးပွားတိုးတက်ရေးသည် လူ့အရင်အရင်းမြစ်များမွေးမြူရေးတွင်အခြေတည်နေလေသည်။ လူသားတို့၏အရင်မြစ်ကို ဘယ်ပုံဘယ်နည်းမွေးမြူရမလဲ ဆိုသောမေးခွန်းသည် အရေးပါလာသည်။ ၄င်းမေးခွန်းကိုမဖြေခင် လူသားတယောက်အတွက် လူသားအရင်းမြစ်ဘယ်ချိန်စတင်လဲ ဆိုသောအချက်သည် ပထမ စဉ်းစားစရာဖြစ်လာသည်။  
                                 ယေဘုယျအားဖြင့်လူသားတယောက်၏ အခွင့်ရေးသည်ပင် လူသားတယောက်၏အရင်းမြစ်ဖြစ်သောကြောင့် ဘာသာရေးရှုထောင့်ကကြည့်လျှင် လောကသို့ စတင်ဝင်ရောက်လာသောအချိန်စတင်ပြီး လူသားအရင်းမြစ်စတင်သည် ဟုပြောနိုင်သည်။ လူဆိုကတည်းက ဖန်တီရှင်( သို့မဟုတ်) ကံရှင်၊ ဥာဏ်ရှင်ဖြစ်သောကြောင့်တည်း။ သို့သော် ပညာရေးနယ်ပယ်ကကြည့်လျှင် လူသားတယောက်၏ လူ့အရင်းမြစ်သည် ကျောင်းတက်စအရွယ်ကတည်းက စတင်သည် ဟုဆိုနိုင်သည်။ ထိုအချိန်သည် လူ့ဘ၀၏ပတ်ဝန်းကျင်အခြေခံသဘောကို နားလည်နိုင်သော အရွယ်လည်းဖြစ်သည်။ သို့ကြောင့်သာ အခြေခံပညာကို စတင်သင်ယူနိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ကျောင်းနေအရွယ်ကို  နှစ်အရွယ်သတ်မှတ်သောကြောင့် အခြေခံသဘောကို နားလည်နိုင်သော စွမ်းရည်ကို စတင်ပိုင်ဆိုင်သော အရွယ်သည်၅ နှစ်အရွယ်ဖြစ်သည်ဟု ဆိုနိုင်သည်။
    ပညာရေးဒဿနပညာရှင် ဆိုကရေးတီး
                 မည်သို့ဆိုစေထိုအချိန်ကိုပင် လူတယောက်၏လူအရင်းမြစ်စတင်ပြုစုပျိုးထောင်ချိန် ဟု ဆိုနိုင်သည်။ တကယ့်တကယ်မာလည်း လူ့အရင်းမြစ်ကိုစာတွေ့အားဖြင့် လေ့လာသောအချိန်သည် ကျောင်းပညာရေးကိုလိုက်စားနေသောအချိန်ဖြစ်သည်။ ၄င်းမှရရှိသော လူအရင်းမြစ်၏ အဆင့်၊ အရည်အသွေးအားလျှော်စွာ လူတယောက်သည် မိမိဘ၀ကိုဖန်တီတတ်သည်။ လက်လုပ်လက်စားအဆင့်မစ၍ တက္ကသိုလ်ပါမောက္ခ၊ တရားသူကြီးချုပ်၊ ဥပဒေပြုအမတ်၊ ၀န်ကြီးချုပ်နန့် သမ္မတထိ ဖြစ်နိုင်သော အရည်သွေးများသည် လူသားတယောက်၏အရင်းမြစ်များဖြစ်သည်။ ထိုအရင်းအမြစ်ကို သင်တန်းကျောင်း၊ စာသင်ကျောင်း နှင့် တက္ကသိုလ်စသော ပညာသင်ယူရာဌာနများမှ လက်တွေ့၊ စာတွေ့အားဖြင့်ရယူနိုင်သည်။ သို့တွက်ကြောင့်သာ စံရှိသော အရည်သွေးကို ပိုင်ဆိုင်နိုင်ဖို့( သို့မဟုတ်) လူ့အရင်မြစ်ကိုမြှင့်တင်ဖို့တာဝန်ရှိသော ပုဂ္ဂိုလ်များမာ ကျောင်းသားတယောက်၏ ပတ်ဝန်းကျင်ဖြစ်သည်။ ကျောင်းသားတယောက်၏ ပတ်ဝန်းကျင်ဆိုသည်မာ- ) မိဘ၊ ) ဆရာ၊မ ၊၃) ကျောင်းသားအချင်းချင်း ပင်ဖြစ်သည်။ ဆရာ-ဆရာမများ ဆိုတဲ့နေရာမာ ပညာသင်ဌာနကို အုပ်ချုပ်သော အက်ဒမင် နှင့် ယင်းထက် ပါဝါရှိသော လူများလည်းပါဝင်ပါသည်။ တိုက်ရိုက်ထိတွေ့နိုင်သော ကျောင်းသားတယောက်၏ပတ်ဝန်းကျင်မာ ဆရာ- နှင့် မိဘများပင်ဖြစ်သည်။
         အဲဒီ Stakeholders များက သေသေချာချာ လမ်းညွန်နိုင်မှ ကျောင်းသားတယောက်သည် ရည်အသွေးများတက်လာနိုင်သည်။ သို့ကြောင့် လူအရင်းမြစ်ကိုမြှင့်တင်ရန် မိဘ၊ ဆရာ- များနှင့် ကြီးကြပ်သူများက စနစ်တကျကိုင်တွယ်ဖြေရှင်းတတ်ဖို့အရေးကြီးသည်။ လုံလောက်သော၊ ခေတ်မှီသော အရင်းမြစ်များကိုရရှိနိုင်ဖို့ ကျောင်းသားတယောက်အတွက် ကျောင်း၌ပြဋ္ဌာန်းထားသော သင်ရို့ညွန်တမ်း ပြဋ္ဌာန်းစာ နှင့် ဆရာ- များ၏ သင်ကြားမှု၊ ကျောင်းသားများ၏သင်ယူမှု ဟူသော ပညာရေးမဏ္ဍိုင်များမှာ အထူးအရေးကြီးသည်။ မြန်မာနိုင်ငံ၌ပြဋ္ဌာန်းထားသောသင်ရိုးကို မပြောလိုသော်လည်း သင်ကြားမှုနှင့် သင်ယူမှု ကိုတော့ပြောရမည်ဖြစ်သည်။ သင်ကြားမှုသည် ဆရာနဲ့သာ ဆိုင်သည်ဟုဆိုနိုင်သော်လည်း သင်ယူမှုကား ဆရာ- ကျောင်းသား နှစ်ဦးနှစ်ဖက်လုံးနဲ့သက်ဆိုင်သည်။ သင်ကြားမှုပုံစံ( Teaching Model )သည် ကျောင်းသားများနားလည်နိုင်သောအဆင့်ကိုမကျော်လွန်ရပါ။ ဆိုလိုသည်မာ- ကျောင်းသားများ၏ အခြေအနေကိုကြည့်၍ ကျောင်းသားများနားလည်နိုင်သော နည်းစနစ်ဖြင့် သင်ပြပေးရမည်ဖြစ်သည်။ ကျောင်းသားများအနေဖြင့်လည်း စူးစမ်းသောစိတ်ထာဖြင့် လေ့လာမှတ်သားရမည်ဖြစ်သည်။ ထိုသို့ စူးစမ်းချင်အောင် ဆရာ- များက တည့်မတ်ပေးရမည်၊ လမ်းညွန်ပေးရမည်။ သင်ပြသူ နှင့်သင်ယူသူများအကြား ရင်းနှီးသောဆက်ဆံမှု၊ ပွင့်လင်းသောကူလူးဆက်ဆံမှု(interaction) ရှိရမည်။ ကျောင်းသားများကို သင်ကြားပို့ချခြင်းထက် သူ့တို့တွေကို သင်ယူချင်စိတ်(motivation) ပေါ်လာအောင် လမ်းကြောင်းထွင်ပေးရမည်။ ကျောင်းသားများကို အုပ်စုလိုက်ဆွေးနွေးစေခြင်း( Group Discussion) နှင့် ဘာသာရပ်တခုကို ပိုမိုနားလည်အောင် အသုံးချသင်ယူမှု( Service Learning) စနစ်ကိုသုံးခြင့်ဖြင့် သင်ပြပေးရမည်။ ခက်ခဲသော သင်္ချာဘာသာကဲ့သို့သော ဘာသာရပ်များကို Socratic Method ဟုခေါ်သော အပြန်အလှန်မေးမြန်းခြင်းဖြင့်လည်းကောင်း၊ သိပ္ပံကဲ့သို့သော လက်တွေ့ဆန်သော ဘာသာရများကို Service Learning ဟုခေါ်သော လက်တွေ့ပြုလုပ်ခြင်း( သို့မဟုတ်) အုပ်စုလိုက်အလုပ်လုပ်စေခြင်းဖြင့်လည်းကောင်း၊ ပထ၀ီ၊ သမိုင်း၊ မြန်မာစာ စသော လူမှုရေးဘာသာရပ်များကို ပွိုင့်ပေးလျှက် တအုပ်စုချင်း ပြောကြားစေခြင်း( Presentation) ဖြင့်လည်းကောင်း သင်ပြပေးရမည်ဖြစ်သည်။ သမိုင်းဘာသာရပ်များမှာ အလွတ်ကျက်မှတ်ရန်မဟုတ်ဘဲ ခုနှစ်သက္ကရာဇ်များကို မှတ်သားလျှက် အကြောင်းအရာကို သိထားရုံလေ့လာရန်ဖြစ်သည်။ မည့်သည်ဘာသာရပ်ကိုမဆို အလွတ်ကျက်မှတ်နည်းကိုကျော်၍ သဘောပေါက်ရုံ၊ သဘောပေါက်သည်အားလျှော်စာ ပြန်ရေးချနိုင်ရုံနှင့် လက်တွေ့ဘ၀တွင်အသုံးချပုံများကို ကျောင်းစာသင်ခန်း၌ လမ်းညွန်ရုံသာဖြစ်သည်။                   
                                    အခြေခံပညာဆိုကတည်းက ကျောင်းသားများကို မပင်ပန်းစေပဲ ဘာသာရပ်တခု၏ အခြေခံသီအိုရီ နှင့် လက်တွေ့ အသုံးချပုံကို သိစေဖို့က အရေးကြီးသည်။ အော်စတင်၏ သုတေသနပြုချက်အရ ကျောင်းသားများအရည်အချင်းတိုးမြင့်ဖို့ရန်မှာ မိဘများသည်လည်း အဓိက အခန်းကပါဝင်လေသည်။ မိဘများသည် သားသမီးများကို စီမံခန့်ခွဲပေးနိုင်ဖို့အရေးကြီးသည်။ မိဘများ၏ ကျောင်းသားများအတွက်ကြိုတင်ပျင်ဆင်မှုများ အားလျှော်စွာ ကျောင်းသားများ၏အရည်အသွေးများကွာခြားနိုင်သည်။ သားသမီများ၏ ကစားချိန်၊ ကျောင်းလားချိန်၊ စာလုပ်ချိန် နှင့် အနားယူချိန်တို့ကို မိဘများက သေချာအောင် စီမံပေးရမည်ဖြစ်သည်။ အော်စတင်၏သုတေသနပြုချက်အရ ပညာတတ်သော မိဘ၏သားသမီများနှင့် ပညာမတတ်သောသားသမီများ၏ ကျောင်းစာအရည်အချင်းသည် ကွာခြားတတ်သည်။ ဘာကြောင့်လည်းဆိုတော့ ပညာမတတ်သောမိဘများက သားသမီများကို ကောင်းကောင်းမွန်မွန် မစီမံမခန့်ခွဲနိုင်သောကြောင့်လည်ကောင်း၊ ကျောင်းသားတယောက်၏ အခွင့်အရေးကို မိသားစုအတွက် အသုံးပြုသောကြောင့်လည်းကောင်းဖြစ်သည်။ သို့ဆိုလျှင် သားသမီးများကို စနစ်တကျစီမံပေးလိုက်လျှင် ပညာတတ်သောမိဘ သားသမီး၊ ပညာမတတ်သော မိဘသားသမီးများ အရည်အချင်းကွာဟမှုရှိနိုင်မည်မဟုတ်ပါ။ ဒါတွေက မိဘများသိထားရမည့်အပိုင်းဖြစ်သည်။
ဆရာ- များသည်လည်း အထူးအရေးပါသည်ကို ပြောစရာမလိုပါ။ ဆရာ- များသည်လည်း သင်ပြသူများဖြစ်သောကြောင့် လေ့လာစရာမလိုဟု မဆိုနိုင်ပေ။ မိမိသင်ယူမည့်ဘာသာရပ်များကို ခေတ်နန့်ညီအောင်လေ့လာရမည်ဖြစ်သည်။ ပြဋ္ဌာန်းစာကို မပြောင်းနိုင်သော်လည်း သင်ပြမှုစနစ်များကို မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်သည် ဆရာ-မများ၌ရှိသည်။ ခေတ်မှီသော၊ တနည်းအားဖြင့် တိုတောင်း၍ ပိုရှင်းသော သင်ပြမှုများကိုအမြဲမပြတ်လေ့သာရမည်ဖြစ်သည်။ တက္ကသိုလ် ဆရာ-မများ အဖို့ကား- ကိုယ်ကိုင်တွယ်သော ဘာသာရပ်၏ ခေတ်ပေါ်အတွေးခေါ်- အယူအဆများကို အမြဲလေ့လာရမည်ဖြစ်သည်။ စင်စစ်အားဖြင့် သင်ယူမှုကို ကျောင်းသားများထက် ဆရာ- များက ပို၍လုပ်သင့်သည်။ လေ့လာခြင်း၊ မှတ်သားခြင်း၊ နားလည်အောင်အားထုပ်ခြင်း စသော သင်ယူခြင်းများကို စာသင်ခန်းမ၀င်မီလုပ်ရမည်ဖြစ်သည်။ ကျောင်းသားများကို အခွင့်ရေးပေးသော( open-end) စနစ်ကို ကျောင်းဆရာ-မများ အမြဲသတိထားရမည်ဖြစ်သည်။ စာပိုဒ်များကိုဖတ်စေရာ၌ ကျောင်းသားတဦးချင်း၏ နားလည်မှုကို မေးမြန်းရမည် ထိုသို့ ဆိုလိုရင်းကိုနားလည်အောင် စာပိုဒ်ဖတ်ပုံ- အဓိက စကားလုံးများ( Key word) ကိုနားလည်အောင် ဖတ်နည်းများကို သင်ပေးရမည်ဖြစ်သည်။ နိုင်ငံတကာအဆင့်ရှိသော အင်္ဂလိပ်စာစာမေးပွဲ တိုဖေစာမေးပွဲ၌ ယင်းသို့ စာပိုဒ်တပိုဒ်ချင်း၏ စာရေးဆရာအာဘော်များကို နားလည်အောင်လေ့လာရသည်။ အလွန်အရေးပါသော စာဖတ်နည်းပင်ဖြစ်သည်။ ယင်းသို့ဖတ်တတ်အောင်၊ တွေးခေါ်တတ်အောင်- ကျောင်းသားအရွယ်ကပင် ဆိုင်ရာဖတ်စာအုပ် များဖြင့်တွဲ၍သင်ပေးသင့်သည်။
                                   လူသားအရင်းအမြစ်တခုလုံးသည် ဆရာ-မများလက်ထဲ၌ရှိသည်ဟုဆိုနိုင်သောကြောင့် ဆရာ-မများနှင့် ကျောင်းသူ၊သားများ၏ ဆက်ဆံရေ( သို့မဟုတ်) ဆရာ-မများ၏ကျောင်းသား၊သူများအပေါ်ထားသော သဘောထားသည်အလွန်အရေးပါလှသည်။ ဆရာ- များသည် ကျောင်းသားများ၏အရည်အချင်းကိုတိုးပွားစေရန်အောက်ပါသဘောထားများဖြင့်ပြည့်စုံရမည်ဖြစ်သည်၊ ) ဂရုစိုက်မှု နှင့် အကြင်နားတရား၊ ) တာဝန်ကိုအသုံချခြင်း၊ ၃) မတူညီသော ကျောင်းသားများစရိတ်ကိုလက်ခံနိုင်သော အသိတရား၊ ) ကိုယ်ပိုင်သင်ပြမှုကို မြှင့်တင်ခြင်း၊ ) ဖန်တီတတ်အောင်တိုက်တွန်းပေးခြင်းတို့ဖြစ်သည်။ ဒီအချက်လက်များသည် ဆရာကောင်းတယောက်ဖြစ်စေသောအချက်လက် သဘောထား( Effective Teacher Attitudes) များဖြစ်သည်။
                             ဂရုစိုက်မှု ဆိုသည်မာ- ကျောင်းသားများ၏ လိုအပ်ချက်(needs)နှင့် စိတ်ဝင်စားမှု( interests) များကိုနာလည်ရန်ဖြစ်သည်။ မိမိအလိုသို့ချည်း လိုက်စေသော စနစ်သည် ကျောင်းသားများ၏ တက်ကြွမှု( stimulation)ကိုထိခိုက်စေသည်။ ထိုသို့ကျောင်းသားများကို ဂရုစိုက်နိုင်အောင် အကြင်နာတရားထားတတ်ရမည်။ ကိုယ်ချင်းစာတတ်ရမည်ဖြစ်သည်။ ၄င်းသည်ပင် အကြင်နာတရား( kindness)ကိုဖော်ပြခြင်းဖြစ်သည်။ တာဝန်ကိုအသုံးချခြင်းဆိုသည်မာ- မိမိတာဝန်ကို သိရမည်ဖြစ်သည်- ကျောင်းပြချိန်၌ ကိုယ်ပိုင်အရေးကိစ္စများကိုဆောင်ရွက်ခြင်း၊ ကျောင်းသားများကို အလုပ်ခိုင်းခြင်းများမှ ရှောင်ရှားခြင်းကိုဆိုလိုသည်။ ကျောင်းသားများ၏အခွင့်အရေးမာ စာသင်ချိန်၌စာသင့်ခွင့်ရရေး နှင့် နားချိန်၌အနားရခြင်းဖြစ်သည်။ ထိုအချက်ကို ဆရာ-မများသဘောပေါက်မှုကိုဆိုလိုသည်။
                          မတူညီသော ကျောင်းသားများစရိတ်ကိုလက်ခံနိုင်သော အသိတရားဟူသည်မှာ- အဆင့်အတန်းမတူ၊ ဘာသာမတူ၊ လူမျိုးမတူသော ကျောင်းသားအားလုံးကို ကျောင်းသားဆိုသည်ထက် ငါ့သား ငါ့မိတ်ဆွေသား ငါ့လူမျိုးသား ငါ့ဘာသာသား ဟူ၍မခွဲခြားရ ကျောင်းသားအချင်းချင်းရပိုင်ခွင့်တူညီရမည်ဖြစ်သည်။ ( စာရေးသူသည် မူလတန်း၌ ပညာသင်ကြားစဉ် ဆရာမ၏ကျူရှင်ကို မတက်သောကြောင့် စာမေးသည်ကို မျက်ကွယ်ပြုခံရဘူးသည်)  ထိုကဲ့သောသို့လုပ်ရပ်များကို ဆရာ-မများရှောင်ရှားရမည်ဖြစ်သည်။ ကိုယ်ပိုင်သင်ပြမှုကိုမြှင့်တင်ခြင်းဟူသည်မှာ- သင်ပြမှုစနစ်များကို ပိုပြီးအကျိုးရှိသော ထိရောက်သောစနစ်များဖြစ်အောင် ပြောင်းလွှဲသင်ပြခြင်းကိုဆိုလိုသည်။ ဆရာ-မများသည် မိမိသည်ပြမှုများ ဘယ်လောက်ထိရောက်သည်- အားနည်းသည်ကို ကျောင်းသားများကိုစစ်တမ်းကောက်ခြင်း(သို့မဟုတ်) တုန့်ပြန်မှုရလာဒ်(feedback) များကိုကြည့်ခြင်းဖြင့်သိရမည်။ နောက်ဆုံးဖြစ်သော ဖန်တီတတ်အောင်သင်ပြခြင်းကား ပို၍အရေးကြီးသောအပိုင်းဖြစ်သည်။ ကျောင်းသားများ စာဖတ်အား၌ဖြစ်စေ၊ မှတ်အား၌ဖြစ်စေ၊ တွေးတောအား၌ဖြစ်စေ ကိုယ်ပိုင်အသုံးချတတ်အောင်လမ်းညွန်ပေးရမည်ဖြစ်သည်။ နားလည်သော အရာများကို ထိုထက်တွေးတောနိုင်အောင် ဖန်တီပေးတတ်ရမည်ဖြစ်သည်။ ဥပမာ- ယုံ နှင့် လိပ် စာပိုဒ်ကြီး၌ စာပိုဒ်ကြီးတခုလုံးကို အာဂုဏ်ဆောင်ခိုင်းခြင်းထက်- ယုံနှင့်လိပ် အပြေးပြိုင်ရာ ယုံသည် အပြေးသန်သော်လည်း ပန်တိုင်သို့မရောက်ပဲ တလှမ်းချင်လားသော လိပ်သည်သာ ပန်းဝင်သွားကြောင်းကို အတိုချုပ်ပြော၍၊ ထိုထက်တွေးတောနိုင်အောင် သင်ပေးရမည်ဖြစ်သည်။ စာရေးဆရာက ပျင်းရိခြင်း၏ ဆိုးကျိုးနန့် ၀ီရိယ၏ရလာဒ်ကိုဆိုလိုချင်သည်ဖြစ်သောကြောင့် ထိုအချက်ကို ကျောင်းသားများအား မေးခွန်းထုပ်လျှက်- ဘာကြောင့် လိပ်သည်ပန်းဝင်၍ ယုံသည်ရှုံးရသနည်း၊ ပျင်းရိခြင်းသည် လူတဦး၏စွန်းရည်ကို တိုးတက်စေသလား -စသော အတွေးခေါ်ဆန်သော ( Comprehensive Question/ creative thinking) မေးခွန်းများကို မေးရမည်ဖြစ်သည်။
                         သို့ဖြစ်၍ မိဘ၊ ကျောင်းသားနှင့် ဆရာ-မများသည် လူအရင်မြစ်မြှင့်တင်းရေးလုပ်ငန်း (သို့မဟုတ်) ပညာရေးရည်မှန်းချက်ကို အကောင်ထည်ဖော်ဆောင်ရာတွင်အရေးပါလှသောကြောင့်အားလုံးဘက်ညီညီအလုပ်လုပ်နိုင်ဖို့အရေးကြီးသည်ဟုဆိုချင်သည်။ စာရေးသူနားလည်သောပညာရေး၏ အဓိပ္ပါယ်မာ သင်ယူဆည်းပူးခြင်းဖြင့်ရအပ်သော အသိတရား( သို့မဟုတ်) လက်တွေ့ဘ၀၌အသုံးချနိုင်သော နည်းစနစ်များကိုလေ့လာခြင်း ဟူ၍ဖြစ်သည်။ ထိုသို့ဖြစ်နိုင်မှ လူသားတို့၏အရည်အသွီး၊ဘ၀ ရည်မှန်းချက်ကြီးသည် ပြီးပြည့်စုံနိုင်မည်ဖြစ်သည်။ ပညာရေးကိုအခြေခံလျှက် အမျိုးဘာသာ၊ သသနာအတွက် အလုပ်လုပ်နိုင်သောသားကောင်း၊ သမီးကောင်းများဖြစ်အောင် မွေးထုတ်ပေးကြပါစို့။
                                                         မောင်စက္က( M.Ed-EA-1st Yr ဘန်ကောက်)
                                                                         4/1/2012.


ကျမ်းညွန်း
Ornstein & Levine (2008): The Foundation of Education; edited by Allan
Gourneau, Bonni: Five Attitudes of Effective Teachers; Implication for Teacher Training, University of North Dakota, USA. http://www.usca.edu/essays/vol132005/gourneau.pdf
Panyacekka(14,Sep, 2011) : Current Educational Issues in Myanmar:  Final Examination Paper submitted to Graduate School of Education of Assumption University, Bangkok.
Tileston, Down Walker (2005): 10 Best Teaching Practices- How Brain Research, Learning Style and standards Define Teaching Competencies, Corwin Press,Calfornia-91320, US.


No comments:

Post a Comment